Meistä

Finland Myanmar Society ry:n rooli on keskeinen kulttuurisen ymmärryksen ja taloudellisen yhteistyön edistämisessä Suomen ja Myanmarin välillä.


Keskittymällä kulttuurivaihtoon ja tiedon jakamiseen yhdistys pyrkii rakentamaan siltaa näiden kahden erilaisen maan välille sekä rikastuttamaan molempia yhteisöjä syvemmällä arvostuksella toistensa perinteitä ja elämäntapoja kohtaan.

Erilaisten tapahtumien, työpajojen ja yhteistyöhankkeiden kautta yhdistys tarjoaa alustan suomalaisille ja Myanmarin kansalaisille kohdata ja toimia yhdessä, luoden mahdollisuuksia keskinäiseen kasvuun ja oppimiseen.

Tietoisesti poliittisista sidonnaisuuksista pidättäytyen yhdistys varmistaa neutraalin ja osallistavan ympäristön, jossa kulttuuriset ja taloudelliset suhteet voivat kehittyä ilman puolueellisuutta. Tämä lähestymistapa ei ainoastaan vahvista maiden välisiä suhteita, vaan myös kannustaa jäseniä globaaliin ajatteluun, edistäen rauhaa ja ymmärrystä yli rajojen.

The Finland Myanmar Society Ry plays a vital role in fostering cultural understanding and economic collaboration between Finland and Myanmar.

By focusing on cultural exchange and knowledge sharing, the society works to bridge the gap between these two diverse nations, enriching both communities with a deeper appreciation of each other's traditions and lifestyles.

Through various events, workshops, and collaborative projects, the association provides a platform for Finns and Myanmar nationals to engage with one another, creating opportunities for mutual growth and learning. 

By deliberately steering clear of political affiliations, the society ensures a neutral and inclusive environment where cultural and economic ties can flourish without bias. This approach not only strengthens bilateral relations but also encourages a global perspective among its members, promoting peace and understanding beyond borders.

ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) အား ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၂၁ ခုနှစ်တွင် ဟယ်စင်ကီးမြို့၌ စတင်တည်ထောင်သည်။
ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) သည် ဖင်လန်နိုင်ငံတွင် တရား၀င်မှတ်ပုံတင်(အမှတ်စဥ် 3190312-2) ကာဖွဲစည်းထားပြီး၊ ပြည်တွင်းပြည်ပအလှူရှင်များ(donor)၏ အလှူငွေများ (donation) အား တရားဝင် ခွင့်ပြုချက်ဖြင့် လက်ခံကူညီပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။

ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) သည် အဖွဲ့ဝင်များ၏အဖွဲ့၀င်ကြေး၊ ထည့်ဝင်ငွေများ၊ ရံပုံငွေရှာပွဲများမှ ရရှိလာသည့်ငွေကြေးများနှင့် ဖင်လန်နိုင်ငံအစိုးရမှပေးအပ်သည့် အခြေခံထောက်ပံမှုများဖြင့် ရပ်တည်နေသည့် ရပ်တည့်နေမည့် အဖွဲအစည်းတခုသာဖြစ်ပြီး မည့်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ အသင်း အဖွဲ့များ၏ လက်အောက်ခံ မဟုတ်သည့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးများအရေးနှင့်ပတ်သက်သည့် လွတ်လပ်သော လူမှုကူညီရေး အသင်းတစ်ခုဖြစ်သည်။

ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) သည် ဖင်လန်နိုင်ငံတွင် နေထိုင်ကြသည့် မြန်မာ တိုင်းရင်းသားများ၊ မြန်မာအရေးစိတ်ဝင်စားသည့် ဖင်လန်လူမျိုးများဖြင့် သာရေး၊ နာရေး၊လူမူရေး ကိစ္စများအပြင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ အထူးအလေးထားလုပ်ဆောင်နေသည့် လုပ်နေမည့် အဖွဲ့အစည်း ဖြစ်သည်။

ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) သည် ဖင်လန်နိုင်ငံတွင် နေထိုင်ကြသည့် မြန်မာတိုင်းရင်းသားလူငယ်များအား မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသည့် ဘာသာစကား၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံ ပြန့်ပွား နားလည်စေရန်အတွက် စုပေါင်းလုပ်ဆောင်သည့် လူငယ်အခြေပြုအဖွဲ့အစည်းဖြစ်သည်။

ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) ၏ အသင်းဝင်များသည် အသင်း၀င်ကြေးအဖြစ် နှစ်စဥ်ကြေး ယူရို ၁၀၀ ကိုတကြိမ်တည်း ပေးသွင်း၍လည်းကောင်း၊ ၆ လတကြိမ် ယူရို ၅၀ပေးသွင်းလည်းအသင်းဝင်နိုင်သည်။ အသင်းဝင်များ၏ အသင်းဝင်ကြေးများ၊ ရံပုံငွေရှာပွဲများမှ ရရှိလာသည့် အမြတ်အစွန်းများဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ မြိုနယ်များ၏ ထောက်ပံမှု ငွေကြေးများအခြေခံကာ ဖင်လန်နိုင်ငံတွင်နေထိုင်ကြသည့် မြန်မာ မိသားစုများ၏ သာရေး၊ နာရေး၊ လူမူရေး ကိစ္စရပ်များအား အဖွဲ့အစည်းအသီးသီးနှင့် ပူပေါင်းဆောင်ရွက်ရန် ရည်မှန်းထားရှိသည့် အတိုင်း ပူပေါင်း လက်တွဲကာ ဆောင်ရွက်ရန် ရည်မှန်းထားသည်။

ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) သည် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်သည့် ဖြစ်ပေါ်မည့် အခြေအနေအမျိုးမျိုး ကိစ္စရပ်များအတွက် တတ်နိုင်သည့်နည်းလမ်းမျိုးစုံဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ကူညီအားဖြည့်ရန် ပူပေါင်းဆောင်ရွက်ရန် လမ်းစ၊ အဖြေရှာနိုင်မည့် ပုဂ္ဂိုလ်များဖြင့်လက်တွဲရန်လည်းစဥ်းစားထားရှိမည်။

ဖင်လန်နိုင်သို့ရောက်ရှိနေထိုင်ကြသည့် မြန်မာတိုင်းရင်းသားလူငယ်များ၊ ခလေးများအတွက် ရိုးရာယဥ်ကျေးမှုနှင့် မိခင်ဘာသာစကားသင်ကြားရေးအတွက် အကောင်းဆုံး၊ အလွယ်ကူဆုံးဖြစ်အောင် အစကြိုးစားအားထုတ်သွားမည်။

ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry) သည် ဖင်လန်နိုင်ငံရှိ မြန်မာလူမျိုးများ၏ လှုမှုရေး၊ ပညာရေး၊ နိုင်ငံရေးဆိုင်ရာ အသိပညာတိုးပွားပြန့်ပွားစေရေးသာမက မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများ၊ လူမှုစီးပွား၊ နိုင်ငံရေးဖြစ်စဥ်များကို စဥ်ဆက်မပြတ် လေ့လာသုံးသပ်ကာ အလျဥ်းသင့်သလို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဖင်လန်နိုင်ငံရှိ မြန်မာလူမျိုးများအပြင် မြန်မာနိုင်ငံအတွက် အုပ်တချပ်၊ သဲတပွင့်အဖြစ် ကျရာနေရာမှနေကာပူပေါင်းဆောင်ရွက်သွားမည်။